Local Celebrity: ပရိသတ်တစ်ယောက်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အိမ့်ချစ်

, updated

ပွဲလက်မှတ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာ(၁)ရက်နေ့မှာ ပြုလုပ်မယ့် "၅၂၈" ဖျော်ဖြေပွဲအတွက် ကြိုးစားနေတဲ့ အိမ့်ချစ်တစ်ယောက် စက်တင်ဘာ(၃၀)ရက်နေ့မှာ ပရိသတ်တစ်ယောက်ရဲ့ စကားကြောင့် စိတ်မကောင်းဖြစ်ကာ မျက်ရည် ကျခဲ့ရ တယ်လို့ ဒီနေ့မှာ သူမရဲ့ အကောင့်က Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောချိန်မှာ ပြောပြခဲ့ပါတယ်။

play

 

ရှိုးပွဲလက်မှတ်များကို အားလုံးက ဝယ်ယူနေချိန်မှာ အိမ့်ချစ်ရဲ့ အမေကိုယ်တိုင် ကိုယ်တိုင်သွားရောက်ကာ လက်မှတ်များပို့ ပေးတာ ရှိသလို မှာယူတဲ့သူများအတွက် အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှု ပေးခဲ့ပေမဲ့လည်း အဆင်မပြေဖြစ်သွားတဲ့ ပရိသတ် တစ်ယောက်ကြောင့် အိမ့်ချစ် ဝမ်းနည်းခဲ့ရတယ်လို့ သူမက ပြောပြခဲ့ ပါတယ်။

Live လွှင့်ပြီး ပရိသတ်များနဲ့ စကားပြောချိန်မှာလည်း သူမရဲ့ ပြဿနာလေးကိုပါ ထည့်သွင်းပြောပြသွားပြီး အိမ့်ချစ်တစ်ယောက် မျက်ရည်များပါ ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း အောက်တိုဘာ(၁)ရက်နေ့ ဖျော်ဖြေပွဲမှာ အားတင်းပြီး  ပရိသတ်များအတွက် အကောင်းဆုံးဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ