Local Celebrity: ကလေးတွေမရှိတုန်း ဆက်စီပုံရိုက်ပြတဲ့ သန္တာလှိုင်

, updated

ပိုပိုစမတ်ကျလာတဲ့ သန္တာလှိုင်ကို ပရိသတ်တွေကတော့ ချစ်ခင်အားကျနေကြလေရဲ့။

play

 

သောကြာနေ့က သန္တာလှိုင်ရဲ့ အင်စတာဂရမ်ပေါ်မှာ ခါးတိုအားကစားဝတ်စုံလေးနဲ့ ပုံတွေ တင်လိုက်ပါတယ်။ အနီရောင် sport bra လေးကို အနက်ရောင်ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ထားတာကြောင့် ချပ်ရပ်တဲ့ဗိုက်သားတွေနဲ့ သွယ်လျတဲ့ပေါင်တံတွေကို အတိအကျ မြင်ရမှာပါ။

play

 

အိမ်ရှေ့မှာ ဘောက်ဆင် (လက်ဝှေ့)လေ့ကျင့်ပြီး ချွေးတောင်မသုတ်ဘဲနဲ့ မီးဖိုချောင်ထဲမှာ ပရိသတ်တွေက် ဆက်စီပုံတွေရိုက်တယ်လို့ သူမက အရွှန်းဖောက်ရေးသားထားပါတယ်။ အဆီပိုမရှိ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ပိုင်ရှင်က သူမ နှစ်သက်တဲ့အရွက်သုပ်လုပ်ပုံကိုလည်း ပြောပြထားပါသေးတယ်။

play

 

Rockets အရွက်ကို ဟိမဝန္တာပန်းရောင်ဆားပွင့်၊ သံလွင်ဆီနဲ့ ရှာလကာရောပြီးသုပ်ကာ ငရုတ်ပ်သီးအနည်းငယ်ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။ အသက် ၄၀ နားကိုကပ်လာသည့်တိုင်အောင် ကိုယ်အလေးချိန်မတက်ဘဲ ပိုပိုစမတ်ကျလာတဲ့ သန္တာလှိုင်ကို ပရိသတ်တွေကတော့ ချစ်ခင်အားကျနေကြလေရဲ့။

Source & Photo : Thandar Hlaing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ