Local Celebrity: ချစ်သူရှိတယ်လို့ ဖွင့်ပြောလိုက်တဲ့ ခေးဆက်သွင်

အနုပညာအလုပ်ကို ဝင်ရောက်စွက်ဖက်တဲ့သူ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ခေးဆက်သွင်ကတော့ သူမမှာ ချစ်သူရှိကြောင်း ပရိသတ်တွေကို ဖွင့်ပြောလိုက်ပြီဖြစ်ပါတယ်။ ချစ်သူသက်တမ်းသုံးနှစ်ကျော်ပြီဖြစ်ကာ သူမရဲ့ အနုပညာအလုပ်တွေကိုလည်း တိုင်ပင်လို့ရသလို အလုပ်နဲ့ပတ်သက်တာတွေကိုလည်း ဝင်ရောက်စွက်ဖက်တဲ့ သူမဟုတ်ဘူးလို့ 8days Journal ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

play

 

ချစ်သူကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး မရှိတဲ့အတွက် အချစ်ရေးကတော့ စိတ်ချမ်းသာရတယ်လို့ သိရပါတယ်။ အနုပညာအလုပ်ကို ရိုးရိုးသားသားနဲ့ အကောင်းဆုံး ကြိုးစားနေတဲ့ သူမက "ဝေစားမျှစား" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသလို "ကံ၏အရှင်ဝဋ်ကြွေးသခင်" ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : 8days Journal

Photo  : ခေးဆက်သွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ