Local Celebrity: သိန်း(၅၀)ဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ရတနာမိုင်

၃၃၃ကြိမ်မြောက် ထီဖွင့်ပွဲမှာ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်များရဲ့ အချစ်တော် အဆိုတော် ရတနာမိုင်က အောက်တိုဘာ(၁)ရက်နေ့မှ ထီဖွင့်တဲ့နေ့မှာ အောင်ဘာလေထီ သိန်း(၅၀)ဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

play

 

သားအမိနှစ်ယောက် ဘုရားမှာ သီချင်းခွေအတွက် ဆုတောင်းရင်း လမ်းမှာ ထိုးဖြစ်သွားတာ ဖြစ်ပြီး အခုလို ထီပေါက်တဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိတယ်လို့ Sunday Journal ကို ဖြေဆိုပေးထားတယ်လို့ သိရပါတယ်။ ထီပေါက်တဲ့အထိမ်းအမှတ်အနေနဲ့လည်း အောက်တိုဘာ(၂)ရက်နေ့မှာ ပြုလုပ်မယ့် "သူသိစေ" တေးအယ်လ်ဘမ် ပရိုမိုးရှင်းပွဲမှာ အခွေဝယ်ယူသူများကို ရွှေဆွဲပြားများ မဲဖောက်ပေးမယ်လို့ သိရပါတယ်။

play

 

ပရိုမိုးရှင်းပွဲကိုတော့ အောက်တိုဘာ (၂)ရက်နေ့တွင်  Happy World ၊ အောက်တိုဘာ(၈)ရက်နေ့မှာ လှည်းတန်းစင်တာတို့တွင်ပြုလုပ်မှာ ဖြစ်ပါတယ်။

Source : Sunday Journal

Photo  : ရတနာမိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ