Local Celebrity: ဦးထုပ်နဲ့ ပဝါထုတ်မယ့် မင်းသွေး

အရေအတွက် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် အဆိုတော် မင်းသွေးကလည်း ပရိသတ်တွေအတွက် ဦးထုပ်နဲ့ ပဝါကို ထုတ်လုပ် ရောင်းချသွား မယ်လို့ သိရပါတယ်။ ဦးထုပ်နဲ့ ပဝါကို အောက်တိုဘာလထဲမှာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး အကန့်အ သတ်ဖြင့် သာ ရောင်းချသွားမယ်လို့ သိရပါတယ်။

play

 

စီးပွားရေး သဘောမျိုးလုပ်တာမဟုတ်ဘဲ ပရိသတ်တွေအတွက် အမှတ်တရ သဘောမျိုးသာ ထုတ်လုပ်တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

မင်းသွေးရဲ့ အမှတ်တရ ရောင်းချမယ့် ဦးထုပ်၊ ပဝါလေးများရဲ့ သတင်းအချက်အလက်တွေကို သိနိုင်ဖို့အတွက် https://www.facebook.com/Airpro-Myanmar-1155488007807555/ ထဲကို Like လုပ်ထားပေးဖို့ကိုလည်း ပြောပြထားပါတယ်။

Photo : မင်းသွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ