Local Celebrity: အဆိုတော် (၁၀) ဦး ပြန်လည်အသက်သွင်းမယ့် လွှမ်းမိုးရဲ့ သီချင်းများ

အမျိုးသားအဆိုတော်(၁၀)ဦးက ပြန်လည်သီဆိုမှာ ဖြစ်ပါတယ်။

play

 

လွှမ်းမိုးရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ တေးသီချင်းများကို အမျိုးသားအဆိုတော် (၁၀)ဦးက ပြန်လည်အသက်သွင်းမှာ ဖြစ်ပါတယ်။ လွှမ်းမိုးရဲ့ သီချင်းများ ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာ(၈)ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြန်လည်အသက်သွင်းမယ့် အမျိုးသား (၁၀)ဦးကတော့ မာရဇ္ဇ၊ ဂရေဟမ်၊ R ဇာနည်၊ ဇော်ပိုင်၊ ဖိုးကာ၊ နန္ဒဧရာ၊ ဉာဏ်လင်းအောာင်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ အောင်မြင့်မြတ်တို့က သီဆိုသွားမှာ ဖြစ်ပါတယ်။

လက်မှတ်များကိုတော့ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်၊ သုံးသောင်းကျပ်နဲ့ လေးသောင်းကျပ် သတ်မှတ်ထားပြီး 4tv Show-room၊ စီးတီးမတ်များနဲ့ 1876 Hotline တို့တွင် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Source & Photo : 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ