Local Celebrity: "အရှုပ်" ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြလာတဲ့ အိချောပို

မြင်နေကျ ကာရိုက်တာထဲက ကွဲထွက်တဲ့ ဇာတ်ကားမျိုး ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါရိုက်တာ မီးပွား ရိုက်ကူးထားတဲ့ "အရှုပ်" ရုပ်ရှင်ဇာတ်ကားကြီးတွင် အိချောပိုကို မြင်နေကျ လှတပတပုံစံမျိုး မဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက် သရုပ်ဆောင်ထားရတယ်လို့ သူမက ဆိုပါတယ်။

play

 

ဗျိုင်းတောင်ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတာ ဖြစ်ပြီး စိတ်သိပ်မမှန်သလို အရမ်းကံဆိုးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာကို မိအောင် သေချာကြိုးစားထားတယ်လို့ သူမပြောပြပါတယ်။

play

 

အဲဒီဇာတ်ကားကို လက်ရှိ အချိန်ထိ ပုပ္ပားဒေသတွင် ရိုက်ကူးနေပြီး ဇာတ်လမ်းထဲတွင် နေမင်း၊ ဇင်ဝိုင်း၊ မိုးဝင်း၊ ပြေဇင်နဲ့အခြားသရုပ်ဆောင်များပါဝင်တယ်လို့သိရပါတယ်။

play

 

နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖို့ လက်ခံထားတာတွေ ရှိတယ်လို့ သူမက ဆိုပါတယ်။

Source : 7day Daily

Photo  : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ