AD
AD
AD
play

 

အောက်တိုဘာ(၁)ရက်နေ့ညက ဖျော်ဖြေခဲ့တဲ့ (528) ပွဲကြီးမှာ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေနဲ့ မိတ်ဆွေပေးတဲ့ လက်ဆောင်တွေကတော့ များပြားလွန်းလှပါတယ်။ ပွဲအပြီးမှာ လက်ဆောင်တွေကို အိမ်ပြန် သယ်ရာမှာ လက်ဆောင်တွေက များလွန်းလို့ ကားနှစ်စီးနဲ့ သယ်ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

play

 

ပရိသတ်တွေ ပေးတဲ့ လက်ဆောင်တွေနဲ့အတူ အိမ့်ချစ်က ပွဲကအပြန် အိမ်ရောက်ရောက်ချင်း ဓာတ်ပုံရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုနဲ့အတူ ပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ သက်ဆိုင်သူ အားလုံးကိုလည်း ကျေးဇူးတင် ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD