Local Celebrity: အင်းလေးဖောင်တော်ဦး ဘုရားပွဲမှာ ကုသိုလ်ပြုခဲ့တဲ့ မင်းဦး

ဒီလိုမျိုးကုသိုလ်ယူရမယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။

play

 

အင်းလေးမှာ ရုပ်ရှင်ရိုက်ကူးနေတဲ့ မင်းဦးက အောက်တိုဘာလ(၂)ရက်နေ့ အင်းလေးဖောင်တော်ဦး ဆင်းတုတော်များ ဒေသစာရီကြွချီအပူဇော်ခံပွဲတွင် ကိုယ်တိုင်ပါဝင် ကုသိုလ်ယူခဲ့တယ်လို့  သိရပါတယ်။

play

 

အခုလိုမျိုး ကိုယ်တိုင်လှေနဲ့ ဘုရားပင့်ရမယ်လို့ ဘဝမှာ အိမ်မက်တောင် မမက်ဖူးပါဘူးလို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ။ ဒီနေ့ဖောင်တော်ဦး ဘုရား အင်းတိန်ကိုကြွမယ့်နေ့ ကိုယ်တိုင် လှေနဲ့ပင့်မှာ ပါ။  ဘဝမှာအိပ်မက်တောင် မမက်ဖူးပါဘူးဗျာ" လို့ ဆိုပါတယ်။

play

 

အင်းလေးဖောင်တော်ဦးပွဲမှာ ကုသိုလ်ယူခဲ့တဲ့ မင်းဦးက  အင်းသူအင်းသားများနဲ့ ပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။ အင်းလေးမှာ ဇာတ်ကားရိုက်ကူးနေရင်း အင်းလေးမှာပဲ Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo : မင်းဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ