Local Celebrity: ပုံတူကူးယူ မှီငြမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆုများ ချီးမြှင့်မည်မဟုတ်

play

 

ယခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာမှာ နိုင်ငံခြား ဇာတ်ကားများကို ပုံတူကူးယူမှီငြမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ဇာတ်ကားဆု၊ ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆုများကို ချီးမြှင့်မှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

play

 

ဆက်လက်ပြီးတော့လည်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို အကယ်ဒမီ စိစစ်ရေးအဖွဲ့မှ တရားဝင်ထုတ်ပြန်ကြေညာထားတဲ့ ကြေညာချက်မှာ ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်နိုင်ရန် သတ်မှတ်ထားသော စံချိန်စံညွှန်းများနဲ့ ကိုက်ညီပြည့်မီမှသာ ထူးချွန်ဆုများကို ချီးမြှင့်မှာ ဖြစ်ပြီး စံချိန်စံညွှန်း ပြည့်မီခြင်းမရှိတဲ့ ဆုအမျိုးအစားများကို ထူးချွန်ဆုပေးမှာ မဟုတ်ကြောင်း၊ ထူးချွန်ဆု တစ်ဦးကိုသာပေးမည်ဖြစ်ပြီး ပူးတွဲဆု အဖြစ်ပေး မည်မဟုတ်ကြောင်း၊ နိုင်ငံ ခြားမှအနုပညာရှင်၊ အတတ်ပညာရှင်များအား ထူးချွန်ဆုများတွင် ထည့်သွင်းချီးမြှင့်မည်မဟုတ်ကြောင်း၊ ဇာတ် ညွှန်းဆုနှင့်ပတ်သက်၍ ဇာတ်ညွှန်း စာအုပ်ပူးတွဲတင်ပြခြင်းမရှိပါက ထူးချွန်ဆုအတွက် ထည့်သွင်းစဉ်းစား မည်မဟုတ်ကြောင်းအစရှိသည့် စည်း ကမ်းချက်များကို ထုတ်ပြန်ကြေညာထားပါတယ်။

Source : Democracy Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ