Local Celebrity: သရုပ်ဆောင်နေရတာကို ကြိုက်တဲ့ ပိုင်ဖြိုးသု

ဇာတ်ကောင် တစ်ခုထဲကို မရူးသွပ်ဘူးလို့ ဆိုပါတယ်။

play

 

လက်ရှိမှာ မြင့်မြတ်နဲ့ ဇာတ်ကား ရိုက်ကူးလျက်ရှိတဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်နေရတာကို ကြိုက်တဲ့အတွက် ဇာတ်ကောင်တစ်ခုတည်းကို ရူးသွပ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဗီဒီယိုဇာတ်ကားလေးတွေလည်း ရိုက်ကူးနေ ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့လည်း လက်ခံထားတယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာ(၂၇)ရက်နေ့တွင် ရိုက်ကူးမယ့် "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ဖို့ ရှိသလို (၁၁)လပိုင်းထဲတွင်လည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိသေးတယ်လို့ သိရပါတယ်။

play

 

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရပေမဲ့လည်း သူမအနေနဲ့ ရိုက်ကူးချင်တဲ့ ကာရိုက်တွေ အများကြီး ကျန်သေးသလို မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေ အများကြီး ကျန်သေးတယ်လို့ ဆိုပါတယ်။

Source : Democracy Today

Photo  : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ