AD
AD
AD
play

 

"င့ါအကယ်ဒမီ" ရုပ်ရှင်ဇာတ်ကားအတွက် လိုအပ်တဲ့ အကယ်ဒမီပေးပွဲ အခမ်းအနား ဇာတ်ဝင်ခန်းကို ကျပ်သုံးရာ ခန့် ကုန်ကျခံရာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီဆုပေးပွဲကို အကယ်ဒမီပေးပွဲ အစစ်အတိုင်း အောက်တိုဘာ(၂၀)ရက်နေ့မှာ ရိုက်ကူးမှာဖြစ်ပြီး အဲ့အတွက်ကိုလည်း အမျိုးသားကဇာတ်ရုံကို ဌားထားတယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာ(၂)ရက်နေ့ကစလို့ ရိုက်ကူးနေတဲ့ အဲ့ဒီရုပ်ရှင်ဇာတ်ကားက ခိုင်သင်းကြည်နဲ့ ရွှေမှုံရတီ တို့ မင်းသမီး နှစ်ဦးရဲ့ အဓိက ဇာတ်လမ်းဖြစ်ပြီး ခန့်စည်သူ၊ ညီထွဋ်ခေါင်နဲ့ သူရိယတို့ ပါဝင်တယ်လို့ သိရပါတယ်။ "င့ါအကယ်ဒမီ" ရုပ်ရှင်ကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးမှာဖြစ်ပြီး သူရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD