Local Celebrity: ဆေးရုံတက်နေရပေမဲ့လည်း အပြုံးမပျက်တဲ့ ဂွမ်းပုံ

, updated

ဆေးရုံမှာ တစ်ညလုံး ဆေးကုသမှု ခံရယူခဲ့ရတယ်လို့ သိရပါတယ်။

play

 

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တက္ကသိုလ် ဂွမ်းပုံကတော့ အောက်တိုဘာ (၂)ရက်နေ့ ညက "ဆာကူရာဆေးရုံ" မှာ တစ်ညတာ ဆေးကုသမှု ခံယူလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီနေ့ မနက်မှာ ရှုတင်ရှိတာကြောင့် အလုပ်မပျက်အောင် သွားရောက်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောထားပါတယ်။

play

 

"အနုပညာသမားတွေရဲ့ ဘဝ. .ညမှာ."ဆာကူရာဆေးရုံ"တက် ဒီနေ့ မနက် shooting ကို ဒီလိုအမီသွား၍ အပြုံးလေးတွေနဲ့ . ပရိတ်သတ်အတွက် တင်ဆက်နေပါသည် ။ (နာကျင်တာတွေအောင့်ထားသည်)" လို့ ရေးသားထားပါတယ်။

play

 

ပရိသတ်တွေကော အနုပညာရှင်တွေကပါ သူမက ကျန်းမာဖို့ ဆုတောင်းပေးနေကြပါတယ်။

Photo : ဂွမ်းပုံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ