အိုင်းရင်းခရော့စ်အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို အောက်တိုဘာ(၁၉)ရက်နေ့တွင် အင်းလေး ဖောင်တော်ဦး ဘုရားအနီး တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ အင်းလေးမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲက ပထမဆုံးဖြစ်ပြီး အဆိုတော် လေးဖြူရဲ့ မွေးရပ်မြေမှာ ပထမဆုံးလုပ်တဲ့ ပွဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖျော်ဖြေပွဲကို အခမဲ့ ပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲကို 5 Plus ရုပ်သံလိုင်းမှ ပြသသွားမယ်လို့ သိရပါတယ်။ အောက်တို ဘာ(၁၉)ရက်နေ့ အင်းလေးမှာ ပြုလုပ်တဲ့ ပွဲပြီးပါက မြင်းခြံ၊ ချောင်းသာနဲ့ ရွှေဘိုမြို့များနဲ့ ရန်ကုန်မှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Source & Photo : 7day Daily