Local Celebrity: ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးများကို မိဘနှစ်ပါးကို ကန်တော့မယ့် အိမ့်ချစ်

(၅၂၈)ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးများကို ကန်တော့မှာ ဖြစ်ပါတယ်။

play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ (၅၂၈) ပွဲအတွက် အိမ့်ချစ်ကိုယ်တိုင်လည်း ကျေနပ်မဆုံး ဖြစ်နေပါတယ်။ သူမအတွက် အမှတ်တရ ဖြစ်စေတဲ့ ညတစ်ညလည်း ဖြစ်သလို ကူညီပေးခဲ့တဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်လို့ ဒီမိုကရေစီသတင်းစာကို ဖြေဆိုထားပါတယ်။

play

 

ဖျော်ဖြေပွဲက ရရှိထားခဲ့တဲ့ အကျိုးအမြတ်များကိုလည်း အရင်ကတည်းက မိဘနှစ်ပါးစလုံး ကို  အားလုံးကန် တော့ မယ်လို့ စဉ်းစားထားပြီးမှ လုပ်ခဲ့တာကြောင့် အကျိုးအမြတ်အားလုံးကို မိဘနှစ်ပါးကို ကန်တော့မယ်လို့ ဆိုပါတယ်။

play

 

ဖျော်ဖြေပွဲကို လာရောက်အားပေးကြတဲ့  အနုပညာ ညီအစ်ကိုမောင်နှမတွေအားလုံးနဲ့ အဖေ့ကိုချစ်ခင်လို့ လာအားပေးကြတဲ့ ပရိသတ်တွေနဲ့ အိမ့်ချစ်ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။

Source : democracy Today

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ