Local Celebrity: ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာတဲ့ မင်းမော်ကွန်း

ယခုလက်ရှိမှာ "အရမ်းမိုက်တယ် အရမ်းကြိုက်တယ်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုတွေကို အချိန်တော်ကြာ နားလိုက်တဲ့ မင်းမော်ကွန်းကတော့ ယခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ဆိုသလို ပြန်လည်ရိုက်ကူးလာတာကို တွေ့ရပါတယ်။

လက်ရှိမှာ "အရမ်းမိုက်တယ် အရမ်းကြိုက်တယ်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး နောက်ထပ်လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ "အရမ်းမိုက်တယ် အရမ်းကြိုက်တယ်" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးပါက ဒါရိုက်တာ ကျော်ဇောလင်းနဲ့ နှစ်ကား၊ သားညီနဲ့တစ်ကား၊ စတီးနဲ့တစ်ကား ရိုက်ကူးဖို့ရှိပြီး အားလုံးက ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မင်းမော်ကွန်းအနေနဲ့ ပရိသတ်တွေအတွက် အနုပညာနဲ့တင်မကဘဲ တခြားနည်းလမ်းတွေနဲ့ပါ ပြန်လည်အကျိုးပြုနိုင်တဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ