Local Celebrity: ဆေးရုံက ဆင်းပေမဲ့လည်း ဆေးကုသမှု ခံယူရဦးမယ့် ဦးမန်းဝင်း

ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူသွားရဦးမယ်လို့ သိရပါတယ်။

play

 

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရတဲ့ ဦးမန်းဝင်းက လက်ရှိအချိန်တွင် ဆေးရုံပေါ်က ဆင်းပြီ ဖြစ်သော် လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသွားရဦးမယ်လို့ သိရပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်ပြီး တစ်ပတ် ကို နှစ်ကြိမ် ပုံမှန်ဆေးရမှာ ဖြစ်ပြီး တခြားတော့ ဘာမှမရှိဘူးလို့ သိရပါတယ်။

ဦးမန်းဝင်း ဆေးရုံတက်နေစဉ် အတောအတွင်းမှာ ကူညီအားပေးထောက်ပံ့ ကန်တော့ကြတဲ့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နဲ့ ကုမ္ပဏီများ၊ ဖောင်ဒေရှင်းများ၊ ပရိတ်သတ်များ၊ အနုပညာရှင်များ အထူးသဖြင့်ဖေကြီးကို ဂရုစိုက်ပြုစု ကုသပေးပါသော ရန်ကုန်ဆေးရုံကြီးနှင့် ကုတင်၅၀၀ဆေးရုံမှ ဆရာဝန်ကြီးများ၊ ဆရာမကြီးများ၊ ၀န်ထမ်းများ အားလုံးကိုအထူး အထူးကျေးဇူးတင် ကြောင်းကိုလည်း ဦးမန်းဝင်းရဲ့  သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားထားပါတယ်။

play

 

လူရွှင်တော်အသင်း၊ သဘင်လူမှုကူညီရေး စောင့်ရှောက်ရေးအသင်းမှလည်း ဦးမန်းဝင်းအား ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

Photo  : ကြည်ဖြူမန်းဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ