Local Celebrity: ထိုင်းမီဒီယာများနဲ့ တွေ့ဆုံနေကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်

, updated

ထိုင်းမီဒီယာများနဲ့ အင်တာဗျုးများ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။

play

 

မြန်မာနိုင်ငံက အနုပညာရှင်များနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်များ ပူးပေါင်းရိုက်ကူးထားပြီး နှစ်နိုင်ငံစလုံးရဲ့ သဘာဝအလှအပရှုခင်းများ ပါဝင်ထားတဲ့ "From Bangkok To Mandalay " ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲများ မီဒီယာများနဲ့ တွေ့ဆုံခြင်းများကို မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံမှာလည်း ပြုလုပ်လျက်ရှိပါတယ်။

play

 

ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းများတွင် မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်များ ဖြစ်ကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်တို့ ကိုလည်း ရုပ်သံလိုင်းများတွင်သာမက စာစောင်တွေကပါ အင်တာဗျူးများ ဆက်တိုက်ပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။

play

 

"From Bangkok To Mandalay " ရုပ်ရှင်ဇာတ်ကားမှာ  နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းမင်း သမီး Nam Whann'  တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီဇာတ်ကားကြီးကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ(၁)ရက်နေ့တွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ