Local Celebrity: အဖေ့ကို ပိုပြီး ကန်တော့ခွင့်ရလိုက်တဲ့ အိမ့်ချစ်

, updated

၅၂၈ ပွဲက ရရှိတဲ့အနုပညာငွေကြေး ၅ပုံလေးပုံခန့်ကို ဖခင်ချစ်ကောင်းကို ကန်တော့လိုက်တယ်လို့ ဆိုပါတယ်။

play

 

၅၂၈ ဖျော်ဖြေပွဲ မပြုလုပ်ခင်ကတည်းက ရရှိလာတဲ့ အနုပညာငွေကြေးများကို မိခင်နဲ့ ဖခင် နှစ်ယောက်စလုံးကို ညီတူညီမျှ ကန်တော့မယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ အိမ့်ချစ်က ပွဲပြီးတော့လည်း စီစဉ်ထားတဲ့အတိုင်း ညီတူညီမျှ ကန်တော့ဖို့ ပြင်ဆင်ခဲ့ပါတယ်။

play

 

ဒါပေမဲ့လည်း ပွဲက ရရှိတဲ့ ငွေရဲ့ ငါးပုံလေးပုံကို အနီးကပ် ပြုစုစောင့်ရှောက်ခွင့်မရတဲ့ ဖခင်ဖြစ်သူ ဦးချစ်ကောင်း ကို ကန်တော့ခွင့်ရခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ မိခင်ဖြစ်သူက ရရှိတဲ့ ငွေရဲ့ ငါးပုံတစ်ပုံကို သာ ယူပြီး ကျန်လေးပုံကို ဖခင်ကို ကန်တော့ဖို့အတွက် ခွင့်ပြုလိုက်ခဲ့ပါတယ်။

သူမအနေနဲ့ ရည်ရွယ်ထားတဲ့ ပမာဏထက်ပိုပြီး ဖခင်ဦးချစ်ကောင်းကို ကန်တော့ခွင့်ရခဲ့တဲ့အတွက် ကြည်နူးခဲ့ ရသလို (၅၂၈)ပွဲလေး ပြီးသွားပေမဲ့ ၅၂၈ မေတ္တာတွေ ခုထိ ရှင်သန်နေတာကိုတွေ့ပြီး ကျေနပ်မိတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ