Local Celebrity: သရုပ်ဆောင် ရွှေမှုံရတီ ဆေးရုံတက်နေရ

, updated

ငွေမှုံရတီကလည်း ဖေ့စ်ဘွတ်မှာ ဆုတောင်းပေးထားပါတယ်။

play

 

သရုပ်ဆောင် ရွှေမှုံရတီဟာ ကျန်းမာရေးဆေးကုသဖို့ လိုအပ်တဲ့အတွက် ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

play

 

ရွှေမှုံရတီ ဘန်ကောက်မှာ ဆေးရုံတက်နေရတဲ့အတွက် ညီမဖြစ်သူ ငွေမှုံရတီကလည်း လူမှုကွန်ရက် စာမျက်နှာမှာ ရွှေမှုံရတီအတွက် ဆုတောင်းပေးပါတယ်။ "နေကောင်းပြီး ပြန်လာခဲ့။ နင်စားချင်တာ ကျွေးမယ်။ စိတ်မလျှော့နဲ့" လို့လည်း ငွေမှုံရတီက ဖေ့စ်ဘွတ်မှာ အားပေးစကား ပြောကြားထားပါတယ်။

play

 

ရွှေမှုံရတီဟာ လက်ရှိမှာ ဘန်ကောက်ရှိ Bumrumgrad International  ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဘယ်လိုကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Source : Myanmar Celebrities / Nge Hmone Yati

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ