Local Celebrity: ပုဂံကို ရောက်ရှိနေကြတဲ့ အနုပညာရှင်များ

ပျက်စီးသွားတဲ့ စေတီးပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ သွားရောက် လှူဒါန်းတာ ဖြစ်ပါတယ်။

play

 

အနုပညာရှင်များစွာ ပါဝင်ထားတဲ့ မေတ္တာသင်္ဂဟ (ရန်ကုန်& မန္တလေး)အဖွဲ့သည် အောက်တိုဘာ(၅)ရက်နေ့က ပုဂံသို့ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

play

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသရှိ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ စေတီပုထိုးများကို ပြုပြင် မွမ်းမံရန် အတွက် အလှူငွေများသွားရောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။

play

 

မေတ္တာသင်္ဂဟ အဖွဲ့ဝင်များဖြစ်ကြတဲ့ ခန့်စည်သူ၊ သက်မွန်မြင့်၊ ရတနာ၊ ခင်လေးနွယ်နဲ့ တခြားသော အနုပညာ ရှင်များ ပြင်ပမှ အလှူရှင်များ စုပေါင်းကာ စေတီပုထိုးများ ပြုပြင်ဖို့အတွက် ငွေကျပ် သိန်း-၁၅၀နဲ့ စေတီပုထိုး များ မှတ်တမ်းတင်တိုင်းတာရန်အတွက် လိုအပ်နေသည့် Sony DSC WX-350 ကင်မရာ (၆)လုံးကို လှူဒါန်းပေး ခဲ့တယ်လို့ သိရပါတယ်။

Photo : ကိုအေးဇော်မိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ