Local Celebrity: အဆိုတော် အောင်ရင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

မိုးအောင်ရင်အတွက်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

အဆိုတော် အောင်ရင်ရဲ့ " Aung Yin' 32" လို့ ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ(၂၂)ရက်နေ့ အမျိုးသားကဇာတ်ရုံတွင် ည(၇)နာရီမှ စတင်ကာ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖျော်ဖြေပွဲတွင် ဧည့်သည်အဆိုတော်များအနေနဲ့ ဇော်ပိုင်၊ Rဇာနည်၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင် မာမြင့်တို့က ပါဝင်သီဆိုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သားဖြစ်သူ မိုးအောင်ရင်အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတာ ဖြစ်တယ်လို့မိတ်ဆွေတစ် ယောက်ရဲ့ မေးထားတဲ့ မေးခွန်းကို ဖေ့စ်ဘွတ်မှာ  ပြန်လည်ဖြေဆိုထားတာ တွေ့ပါတယ်။

အောက်တိုဘာ(၂၂)ရက်နေ့မှာ ပြုလုပ်မယ့် အဆိုတော် အောင်ရင်ရဲ့ ဖျော်ဖြေပွဲလက်မှတ်များကိုတော့ ငါးသောင်း၊ လေးသောင်း၊သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းကျပ်လို့ သတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိတေးသံသွင်းနဲ့ MM Tix Ticket Hotline နံပါတ် ၀၉-၄၅၁၀၁၀၇၈၉၊ ၀၉-၉၆၅၀၁၀၇၈၉တို့တွင် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Photo : အောင်ရင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ