Local Celebrity: ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ လုပ်နေတဲ့ ပိုပို

ဖခင်ဆုံးတာ ၁၃နှစ်နဲ့(၁)ရက်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

play

 

အဆိုတော်ပိုပိုက ဒီနေ့ (အောက်တိုဘာ ၆)ရက်နေ့ နံနက်မှာ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။ ၁၃နှစ်နဲ့ ၁ရက်ပြည့်ခဲ့တဲ့ အဖေ့အတွက် ရည်စူးပြီး ကုသိုလ်ယူခဲ့တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

"အဖေဆုံးတာ ၁၃နှစ်နဲ့၁ရက်ပြည့် ခဲ့ပြီ အဖေ့ကို ရည်စူးပြီး ယနေ့ လှူဒါန်း ကုသိုလ်ယူခဲ့တယ်။ အဖေ ကောင်းရာသုဂတိလားပါစေ" လို့ ရေးသားထားပါတယ်။

ဖခင်အတွက် ရည်စူးပြီး ဘုရားတွင် ဆွမ်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းခြင်းများ၊ ရဟန်းများကို ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။

play

 

အလှူအတန်းနဲ့ ပတ်သက်လာရင် ရရင်ရသလို လှူဒါန်းတတ်သလို မိဘများနဲ့ ပတ်သက်ရင် သိတတ်တဲ့  အဆို တော် ပိုပိုအတွက် သူမရဲ့ ပရိသတ်တွေကတော့ ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

Photo : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ