Local Celebrity: သရုပ်ဆောင် မင်းရာဇာ ရိုက်ကွင်းမှာ မြွေကိုက်ခံရ

, updated

ခြေထောက်တွေ ရောင်လာပြီး နှစ်နာရီခြားတစ်ကြိမ် သွေးဖောက်စစ်ဆေးနေရကြောင်းနဲ့ ဆရာဝန်က စိုးရိမ်စရာမရှိပေမဲ့ စောင့်ကြည့်ချင်သေးတယ်လို့ဆိုပါတယ်။

play


မန္တလေးမြို့ ရှမ်းကလေးကျွန်းမှာ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေစဉ် သရုပ်ဆောင် မင်းရာဇာ မြွေကိုက်ခံခဲ့ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။

ဇာတ်လမ်းအရ လယ်ကွင်းတစ်ခုမှာ မြွေကိုက်ခံရတဲ့ မင်းသမီးကို မြွေးဆိပ်များ ပါးစပ်ဖြင့် စုပ်ပေးနေတာကို ရွာသားတွေက မင်းသမီးကို အဓမ္မပြုကျင့်နေတယ်လို့ထင်ပြီး ဝိုင်းရိုက်ကြတာကြောင့် ထွက်ပြေးခဲ့ပြီး မြွေအဆိပ်က ခန္ဓာကိုယ်ထဲရောက်ပြီး မင်းသား သေဆုံးတဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းရိုက်ကူးနေစဉ် မင်းရာဇာ မြွေကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

အမရပူရမြို့နယ် ရှမ်းကလေးကျွန်းမှာ 'နှလုံးသွေးနဲ့ရင်းသည့် ကဗျည်း' အမည်ရှိ ဗီဒီယိုဇာတ်ကားကို အောက်တိုဘာ ၄ ရက်က ရိုက်ကူးနေစဉ် မင်းရာဇာရဲ့ ဘယ်ဘက်ခြေသလုံးကို မြွေကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခြေထောက်တွေ ရောင်လာပြီး နှစ်နာရီခြားတစ်ကြိမ် သွေးဖောက်စစ်ဆေးနေရကြောင်းနဲ့ ဆရာဝန်က စိုးရိမ်စရာမရှိပေမဲ့ စောင့်ကြည့်ချင်သေးတယ်လို့ဆိုကြောင်း မင်းရာဇာက ပြောပါတယ်။
Source & Photo: 7Day Daily, ဖြိုးဖြိုးဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ