Local Celebrity: နန်းဆုဦးရဲ့ မွေးနေ့အလှူ ပုံရိပ်များ

ပရိသတ်များနဲ့ သူမရဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

play

 

အောက်တိုဘာလ(၅)ရက်နေ့မှာ ကျရောက်တဲ့ နန်းဆုဦးရဲ့ မွေးနေ့ကို သူမရဲ့ ပရိသတ်တွေက မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့သလို အောက်တိုဘာ(၆)ရက်နေ့မှာတော့ သူမရဲ့ မွေးနေ့အလှူကို ပဲခူးမှာရှိတဲ့ ပန်းပျိုးလက် ပရဟိတ ကျောင်းသို့ ပရိသတ်များနဲ့အတူ အလှူသွားလုပ်ခဲ့ပါတယ်။

play

 

ပန်းပျိုးလက် ပရဟိတကျောင်းမှာလည်း ကလေးများနဲ့ အတူ သူမရဲ့ မွေးနေ့ ပွဲလေးကို ထပ်မံ ကျင်းပခဲ့ပါသေး တယ်။ အောက်တိုဘာ (၅)ရက်နေ့က ကျရောက်တဲ့ မွေးနေ့လေးကတော့ သူမရဲ့ (၂၂)နှစ်ပြည့် မွေးနေ့ လည်း ဖြစ်ပါတယ်။

play

 

သူမရဲ့ မွေးနေ့ကို ယခုလို ပရိသတ်များနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : Myanmar Media 7

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ