Local Celebrity: အောက်တိုဘာ(၁၅)ရက်နေ့မှာ ထွက်ရှိမယ့် ရဲရင့်အောင်ရဲ့ "သဝေထိုးခကွေးယပင့်"

ပရိသတ်တွေ စောင့်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်လို့ သူက ဆိုပါတယ်။

play

 

အဆိုတော် ရဲရဲင့်အောင်ရဲ့ "သဝေထိုးခကွေးယပင့်" MTV ကို အောက်တိုဘာ (၁၅)ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အော်ဒီယိုနဲ့MTV ထွက်ရှိချိန်ဟာ ၂နှစ်နီးပါး ကြာခဲ့ပြီး ပရိသတ်တွေ စောင့်လိုက်ရတဲ့ အတွက်လည်း တောင်းပန်တယ်လို့ သူက ဆိုပါတယ်။

play

 

သူရဲ့ MTV အခွေကိုလည်း အမ်တီဗွီဆန်ဆန် ရိုက်ကူးထားသလို ပါဝင်တဲ့ သီချင်းတိုင်းကိုလည်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံး ဖြစ်အောင်ကြိုးစားတယ်လို့ သူကဆိုပါတယ်။

ဒီအခွေထွက်ရှိပြီးသွားရင်လည်း အဆိုတော် ရဲရင့်အောင်က ဒုတိယတစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ