Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

play

 

သရုပ်ဆောင် ရွှေမှုံရတီ ဆေးရုံတက်နေရ

သရုပ်ဆောင် ရွှေမှုံရတီဟာ ကျန်းမာရေးဆေးကုသဖို့ လိုအပ်တဲ့အတွက် ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

play

 

ဆေးရုံက ဆင်းပေမဲ့လည်း ဆေးကုသမှု ခံယူရဦးမယ့် ဦးမန်းဝင်း

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရတဲ့ ဦးမန်းဝင်းက လက်ရှိအချိန်တွင် ဆေးရုံပေါ်က ဆင်းပြီ ဖြစ်သော် လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသွားရဦးမယ်လို့ သိရပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်ပြီး တစ်ပတ် ကို နှစ်ကြိမ် ပုံမှန်ဆေးရမှာ ဖြစ်ပြီး တခြားတော့ ဘာမှမရှိဘူးလို့ သိရပါတယ်။

play

 

ပြန်ထွက်လာမှ ပရိသတ်တွေနဲ့တွေ့မယ်ဆိုတဲ့ မိုးအောင်ရင်

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားတဲ့ မိုးအောင်ရင်ကို ဒီနေ့ (အောက်တိုဘာ ၃)ရက်နေ့က ရန်ကုန်၊ ပုဇွန်တောင်တရားရုံးမှာ စတုတ္ထ အကြိမ် ထပ်မံရုံးတင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးများကို မိဘနှစ်ပါးကို ကန်တော့မယ့် အိမ့်ချစ်

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ (၅၂၈) ပွဲအတွက် အိမ့်ချစ်ကိုယ်တိုင်လည်း ကျေနပ်မဆုံး ဖြစ်နေပါတယ်။ သူမအတွက် အမှတ်တရ ဖြစ်စေတဲ့ ညတစ်ညလည်း ဖြစ်သလို ကူညီပေးခဲ့တဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်လို့ ဒီမိုကရေစီသတင်းစာကို ဖြေဆိုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ