Local Celebrity: အင်းလေးကို ရောက်ရှိနေတဲ့ နေတိုး

"လရောင်ဖြာတဲ့အင်းလေးမှာ" ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်နေတိုးကတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် အင်းလေးကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဧပြီလထဲတွင် ရိုက်ကူးဖို့ စီစဉ်ထားတဲ့ "လရောင်ဖြာတဲ့ အင်းလေးမှာ" ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တို ဘာလ ဆန်းပိုင်းမှာ စတင်ရိုက်ကူးလို့ နေပြီ ဖြစ်ပါတယ်။

play

 

ဧပြီလထဲမှာ အင်းလေးကန် ရေနည်းနေတာကြောင့် မရိုက်ဖြစ်သေးဘဲ ရိုက်ကူးရေး ရက်ကို ရွှေ့လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

"လရောင်ဖြာတဲ့ အင်းလေးမှာ "ဇာတ်ကားကြီးက ဒရာမာသက်သက် မဟုတ်ဘဲ ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာ တွဲနေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒီဇာတ်ကားမှာ နေတိုးက နှစ်ကိုယ်ခွဲပါဝင်မှာ ဖြစ်ပြီး ဝါဇင်၊ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Photo : နေတိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ