Local Celebrity: ပရိသတ်တွေ လက်ထဲ ရောက်လာတော့မယ့် ဝိုင်းစုခိုင်သိန်းရဲ့ "ဂါ"

အောက်တိုဘာ (၂၂)ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဝိုင်းစုခိုင်သိန်းရဲ့"ဂါ" စီးရီးခွေကတော့ မကြာခင် ပရိသတ်တွေ လက်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။သူမရဲ့ စီးရီးခွေကို အောက်တိုဘာ (၂၂) ရက်နေ့မှာ ဘိုဘိုမြူးဇစ်မှ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရသမျိုးစုံ ပါဝင်တဲ့ ဝိုင်းစုရဲ့ "ဂါ" စီးရီးခွေ ပရိုမိုးရှင်းကို အောက်တိုဘာ (၂၂) အခွေထွက်ရှိတဲ့နေ့တွင် ညနေ(၃)နာရီမှ (၆)နာရီအထိ လှည်းတန်းစင်တာမှာ ဝိုင်းစုခိုင်သိန်းနဲ့အတူ အနုပညာရှင်များစွာက အမှတ်တရ လက်မှတ် ရေးထိုးပေးကာ သီချင်းများနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

play

 

လူငယ်တွေ ကြားထဲမှာ ရေပန်းစားနေတဲ့ စကားတစ်ခုဖြစ်တဲ့ "ဂါ"ဆိုတဲ့ စကားလုံးကို ယူထားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းခွေကိုလည်း ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ