Local Celebrity: ရိုက်ကူးရေးတွေ ပြန်လုပ်နေတဲ့ ရွှေမှုံရတီ

နေမကောင်းပေမဲ့လည်း ရှုတင်ပြန်ဝင်နေပြီလို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဇာတ်ကားရိုက်ကူးရေးလုပ်နေရင်း ကျန်းမာရေးအခြေအနေအရ ဆေးကုသဖို့ လိုအပ်တဲ့ အတွက် ဘန်ကောက်မှာရှိတဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ညီမဖြစ်သူ ငွေမှုံရတီကလည်း သူမဖေ့စ် ဘွတ်ကနေ အမဖြစ်သူ အတွက် ဆုတာင်းပေးထားတာတွေ တွေ့ရပါတယ်။

play

 

ယခုလက်ရှိမှာတော့ ရွှေမှုံရတီက နေမကောင်းသေးပေမဲ့လည်း ရှုတင် ပြန်ဝင်နေပြီလို့ သူမရဲ့ အကောင့်မှာ ရေးထားပါတယ်။

play

 

ပရိသတ်တွေကတော့ သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ အားပေးစကားတွေ ပြောပြထား တာကိုလည်း ကောမန့်တွေမှာ တွေ့ရပါတယ်။

Photo :  ရွှေမှုံရတီ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ