Local Celebrity: ပရိသတ် အားပေးရကျိုးနပ်အောင် ကြိုးစားသွားမယ့် အလှမယ် ဇွန်သံစဉ်

Miss Universe Myanmar 2017 ဆုရှင် ဖြစ်ပါတယ်။

play

 

Miss Universe Myanmar 2014 ပြိုင်ပွဲတုန်းက ဆုနဲ့ လွဲချော်ခဲ့တဲ့ အလှမယ် ဇွန်သံစဉ်ကတော့ ယခုလက်ရှိ Miss Universe Myanmar 2017 ရဲ့ Winner တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

 ပြိုင်ပွဲအသီးအသီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ သူမအနေနဲ့ ဒီပြိုင်ပွဲကြီးမှာလည်း ဆုရ ရမယ်ဆိုတဲ့ အတွေးမျိုးကို မတွေးခဲ့ဘဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ယခုလို Miss Universe Myanmar 2017 ဆုကိုရရှိခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာ မိကြောင်း Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

play

 

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဆုရရှိခဲ့တာ ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင် ကြိုးစားသွားပါ့မယ်လို့ ဆိုပါတယ်။

Source : Myanmar Celebrity

Photo  : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ