Local Celebrity: ချစ်သူမရှိမှ အလုပ်လုပ်ရတာ ပိုကောင်းတယ်ဆိုတဲ့ ယုသန္တာတင်

လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲလို့ သိရပါတယ်။

play

 

လက်ရှိမှာ ချောင်းသားကမ်းခြေတွင် "လူရိုင်းကျွန်း" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတဲ့ သရုပ်ဆောင် ယုသန္တာတင် ရဲ့ လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲတဲ့။ အရင်တုန်းကတော့ ချစ်သူရှိခဲ့ပေမဲ့ ယခုလက်ရှိမှာတော့ တစ်ယောက်တည်း ဖြစ်နေပြီး ချစ်သူမရှိမှ အလုပ်တွေလုပ်ရတာ ပိုကောင်းတယ်လို့  သူမက 8days Juouranl ကို ဖြေဆိုပေးထားပါတယ်။

play

 

အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေပြီး လက်ရှိမှာ " လူရိုင်းကျွန်း" ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ရာဇာနေဝင်း၊ ရွှေသမီးတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

အနုပညာရှင်တွေ တော်တော်များများ Accessories လေးတွေ ထုတ်ရောင်းနေကြတာနဲ့ ပတ်သက်ပြီး သူမ အနေနဲ့ အဲ့လိုမျိုး ရောင်းဖို့ မရှိသေးပေမဲ့ ပရိသတ်တွေကိုတော့ သူမရဲ့ နာမည်လေးတွေ ပါတဲ့ Power Bank လေးတွေကို လက်ဆောင်ပေးဖြစ်တယ်လို့ သိရပါတယ်။

Source : 8day Journal

Photo   : ယုသန္တာတင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ