play

 

၅၂၈ ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် အိမ့်ချစ်က သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက်ကိုလည်း အကောင်အထည်ဖော်တော့မယ်လို့ သိရပါတယ်။

play

 

သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ် မတ်လအတွင်း ပြုလုပ်သွားဖို့ ရှိသလို သူမရဲ့ တတိယမြောက် အခွေကိုလည်း ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ တတိယတစ်ကိုယ်တော်အခွေနာမည်ကိုတော့ " အိမ့်ချစ် ဟုခေါ်သည်" လို့ ပေးထားတယ်လို့ သိရပါတယ်။

play

 

အဲ့ဒီအခွေကိုလည်း ဒီဇင်ဘာလကုန်လောက် ထွက်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မကြာသေးခင် ရက်ပိုင်းက ပြီးစီးသွားခဲ့တဲ့ (၅၂၈)ဖျော်ဖြေပွဲကိုလည်း ပြန်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် အခွေထွက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

Source : 7day TV

Photo   : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video