Local Celebrity: ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ နီနီခင်ဇော်ရဲ့ အနီရောင်

အနုပညာရှင်တွေများစွာ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

play

 

နီနီခင်ဇော်ရဲ့ အနီရောင် DVD နဲ့ Super Red နှုတ်ခမ်းနီ ပရိုမိုးရှင်းပွဲကိုတော့ ဒီနေ့ (အောက်တိုဘာ ၈)ရက်နေ့ ညနေက Junction Square ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပခဲ့ပါတယ်။ ပရိုမိုးရှင်းမကျင်းပခင် အချိန်ကတည်းက မိုးရွာသွန်းခဲ့ပေမယ့်လည်း နီနီခင်ဇော်ကို လာရောက်အားပေးတဲ့ ပရိသတ်တွေက များပြားခဲ့ပါတယ်။

play

 

နီနီခင်ဇော်နဲ့အတူ အနုပညာရှင်များစွာက အမှတ်တရလက်မှတ်များ ရေးထိုးပေးပြီး သီချင်းများနဲ့ ဖျော်ဖြေ ပေးခဲ့ပါတယ်။

play

 

ပရိုမိုးရှင်းပွဲကို ရန်ကုန်မှာ ကျင်းပပြီးရင်လည်း အောက်တိုဘာ (၉)ရက်နေ့မှာ မန္တလေးမြို့ မင်္ဂလာ မန္တလေး၊ အောက်တိုဘာ (၁၁)ရက်နေ့မှာ မုံရွာမြို့ရှိ Ocean Center ၊ အောက်တိုဘာ(၁၃)ရက်နေ့မှာ တောင်ကြီး မြို့တော်ခန်းမ၊ အောက်တိုဘာ(၂၃)ရက်နေ့မှာတော့ မော်လမြိုင်မြို့တို့မှာ ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ