Local Celebrity: အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ "လွှမ်းမိုး၏လွှမ်းမိုးခဲ့သော သီချင်းများ" ဖျော်ဖြေပွဲ

လွှမ်းမိုး၏ သီချင်းများကို အနုပညာရှင်များက ပြန်လည် ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

လွှမ်းမိုးရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ "လွှမ်းမိုး၏လွှမ်းမိုးခဲ့သော သီချင်းများ" ဖျော်ဖြေပွဲကို အောက်တိုဘာ(၈)ရက်နေ့ ညက အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမျိုးသား အဆိုတော် (၁၀)ဦးက ဖျော်ဖြေပေးခဲ့တာ ဖြစ်ပြီး အနုပညာရှင်များနဲ့ ပရိသတ်များစွာက လာရောက်အားပေးခဲ့ကြပါတယ်။

play

 

လူငယ်အဆိုရှင်(၁၀)ဦးက ပြန်လည် ဖျော်ဖြေခဲ့ရာတွင် ပရိသတ်အားပေးမှု ရရှိခဲ့သလို ဝေဖန်မှုများလည်း ရှိခဲ့ တယ်လို့ သိရပါတယ်။

play

 

လွှမ်းမိုးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းများကို မာရဇ္ဇ၊ဂရေဟမ်၊ဖိုးကာ၊ဇော်ပိုင်၊ Rဇာနည်၊ နန္ဒဧရာ၊ ဉာဏ်လင်းအောင် ၊ဖြိုးပြည့်စုံ၊အောင်ထက်၊ အောင်မြင့်မြတ်တို့က သီဆိုဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။

Photo : Channel 7 Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ