Local Celebrity: အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရတဲ့ ရွှေမှုံရတီ

မွေးရာပါ နှလုံးရောဂါအပြင် အစာအိမ်ရောဂါပါ ဖြစ်နေတယ်လို့ သိရပါတယ်။

play

 

မွေးရာပါ နှလုံးရောဂါရှိနေတဲ့ သရုပ်ဆောင်ရွှေမှုံရတီက အစားအသောက် မမှန်တာကြောင့် အစာအိမ်ရောဂါပါ ထပ်ဖြစ်နေပြီလို့ သိရပါတယ်။

play

 

ဆရာဝန်က အချိန်မှန် အစာစားခိုင်းပေမဲ့လည်း သူမရဲ့ အနုပညာအလုပ်တွေကို ဦးစားပေးမှုကြောင့် အစာစား ချိန်ကိုတောင် မေ့နေတတ်တာ ဖြစ်တဲ့အတွက် အချိန်မှန်မှန် စားလို့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူမက Myanmar Celebrity ရဲ့ အင်တာဗျူးမှာ  ဖြေဆိုထားပါတယ်။

play

 

အလုပ်တွေလုပ်နေရရင်ပဲ အရာအားလုံးကို မေ့နေတတ်တဲ့ သူမက အစာအိမ်ကြောင့် သူမ ကုသလျက်ရှိတဲ့ ဘန်ကောက်က ဆရာဝန်ဆီ အောက်တိုဘာ (၁၂)ရက်နေ့လောက်မှာ ထပ်မံ ပြသဖို့အတွက် ရှိသေးတယ်လို့ သိရပါတယ်။

play

 

ယခုလက်ရှိမှာတော့ ရိုက်ကူးလက်စ "င့ါအကယ်ဒမီ" ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ ခိုင်သင်းကြည်တို့နဲ့ အတူ  ရိုက်ကူးလျက်ရှိပြီး နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

Photo  : ရွှေမှုံရတီ အင်စတာဂရမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ