Local Celebrity: အပျိုကြီး ဘဝက ကျွတ်ချင်နေတဲ့ ခင်စုစုနိုင်

ဒီနှစ်ဝါကျွတ်ကိုလည်း သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းရဦးမယ်လို့ဆိုပါတယ်။

play

 

ဂီတလမ်းကြောင်းကို ယခုထက်ပိုပြီး ကြိုးစားချင်သေးတဲ့ ခင်စုစုနိုင်ကတော့ အပျိုကြီး ဘဝကလည်း အမြန်ကျွတ် ချင်နေပြီလို့ ဆိုပါတယ်။  ယခုလက်ရှိမှာတော့ အချစ်ရေးက အေးအေးဆေးဆေးဖြစ်နေတဲ့ သူမက ဒီနှစ်ဝါကျွတ် ကိုလည်း သူငယ်ချင်းတွေနဲ့ပဲဖြတ်သန်းဖြစ်ဦးမယ်လို့ သိရပါတယ်။

play

 

သူမရဲ့ ကြိုးစားမှုကိုလည်း သူမကိုယ်တိုင် အားရကျေနပ်မှု မရှိသေးတဲ့အတွက် ဒီထက်ပိုပြီး ဂီတကို ပိုကြိုးစား ချင်သေးကြောင်း ပေါ်ပြူလာဂျာနယ်ကို ဖြေဆိုထားပါတယ်။

play

 

ယခုလက်ရှိမှာတော့ အတွဲအခွေတွေမှာ ပါဝင်သီဆိုဖြစ်နေတဲ့ သူမက "နွေဒဏ္ဍရီ" သီချင်းခွေထွက်ပြီး နောက်မှာ လည်း နောက်ထပ် အတွဲခွေတွေမှာ ပါဝင်သီဆိုဖို့ ရှိသေးတယ်လို့ ပြောပြခဲ့ပါတယ်။ယခုလက်ရှိမှာတော့ ဖျော်ဖြေပွဲတွေလည်း သွားနေရတယ်လို့ သိရပါတယ်။

Source : Popular News

Photo  : ခင်စုစုနိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ