Local Celebrity: မြန်မာ့ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော် ပွဲကို ပူးပေါင်းကျင်းပမယ်

, updated

အောက်တိုဘာ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမှာ ဖြစ်ပါတယ်။

play

 

မြန်မာ့ရုပ်ရှင်နေ့ ၉၆ ကြိမ်မြောက် အခမ်းအနားနဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ၅၃ ကြိမ်မြောက်ပွဲကို ပူးပေါင်း ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို အောက်တိုဘာ (၁၃)၇က်နေ့ နံနက်(၉)နာရီ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပမှာ ဖြစ်ပြီး နယ်ပယ်အသီးသီးမှ အနုပညာရှင်များ စုံညီစွာ တက်ရောက်ရန်လည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

 မြန်မာ့ရုပ်ရှင်နေ့ နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို အနုပညာ နယ်ပယ်မှ အတတ်ပညာရှင်များ၊ အနုပညာရှင်များ စုံညီစွာတက် ရောက်နိုင်ရေးအတွက် အခမ်းအနားကျင်းပမယ့် အောက်တိုဘာ ၁၃ ရက်နေ့ တွင် ရုပ်ရှင်ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း၊ ကြော်ငြာရိုက်ကူးခြင်း၊ ပြက္ခဒိန်ရိုက်ကူးခြင်း စသည်တို့ ရပ်နားပေးဖို့ကိုလည်း မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ