Local Celebrity: မန္တလေးပရိသတ်များနဲ့ ပျော်ခဲ့တဲ့ ရတနာမိုင်

play

 

အဆိုတော် ရတနာမိုင်ရဲ့ "သူသိစေ" အခွေပရိုမိုးရှင်းပွဲကို အောက်တိုဘာ (၉)ရက်နေ့ မန္တလေးမှာ ပြုလုပ်ခဲ့ကြ ပါတယ်။ ပရိုမိုးရှင်းပွဲမှာ အနုပညာရှင်များစွာ ပါဝင်ခဲ့ပေးကြသလို မန္တလေး ပရိသတ်တွေကိုလည်း ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြပါတယ်။

play

 

ရန်ကုန်မှာပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲမှာလည်း ပရိသတ်အားပေးမှု ရရှိခဲ့သလို မန္တလေးမြို့မှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲ ကလည်း ပရိသတ်အားပေးမှု ရရှိခဲ့တာကြောင့် အရမ်းပျော်မိတယ်လို့ သူမက ဆိုပါတယ်။

play

 

လာရောက်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို သူတို့လေးတွေကြောင့်လည်း အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားတွေရှိလာတာလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

Photo : ရတနာမိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ