Local Celebrity: ဇာတ်လမ်းရွေးလာတဲ့ ယုသန္တာတင်

ကိုယ်နဲ့မလိုက်ဖက်တာမျိုးဆိုရင် မရိုက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

play

 

ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ယုသန္တာတင်က ယခုနောက်ပိုင်းတွင် ဇာတ်ကားများကို ရွေးချယ် ရိုက်ကူးလာပြီလို့ သိရပါတယ်။ အနုပညာသက်တမ်း(၅)နှစ်ရှိပြီဖြစ်တဲ့ သူမက နောက်ပိုင်း ဇာတ်ကား ရိုက်ကူးမှု များတွင် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းများကိုသာ အဓိကထားကာ ရွေးချယ်ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။

play

 

လက်ရှိရောက်နေတဲ့ နေရာတစ်ခုကို သူမအနေနဲ့ အရမ်းကျေနပ်နေတာမျိုးမဟုတ်ဘဲ ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုရအောင် ဒီထက် ပိုကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

play

 

ဗီဒီယိုဇာတ်ကားတွေထက် ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးလာတဲ့ သူမက ယခုလက်ရှိမှာလည်း ချောင်းသာတွင် "လူရိုင်းကျွန်း"ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ရွှေသမီးတို့နဲ့ အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : popular News

Photo : ယုသန္တာတင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ