Local Celebrity: ဖျော်ဖြေပွဲအတွက် သီချင်းတွေ စတိုက်နေတဲ့ အောင်ရင်

အောက်တိုဘာ (၂၂)ရက်နေ့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမှာဖြစ်ပါတယ်။

play

 

အောက်တိုဘာလ(၂၂)ရက်နေ့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ကျင်းပမယ့် အဆိုတော် အောင်ရင်ရဲ့ "Aung Yin' 32" ဖျော်ဖြေပွဲအတွက် သီချင်းတွေ စတိုက်နေပြီလို့ သိရပါတယ်။ အောက်တိုဘာ (၁၀)ရက်နေ့ကလည်း အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အတူ သီချင်းတိုက်နေတဲ့ ဓာတ်ပုံများကို တွေ့ရပါတယ်။

play

 

အဲဒီ ဖျော်ဖြေပွဲတွင် ဧည့်သည်အဆိုတော်များအနေနဲ့ ဇော်ပိုင်၊ Rဇာနည်၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင် မာမြင့်တို့က ပါဝင်သီဆိုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာ(၂၂)ရက်နေ့မှာ ပြုလုပ်မယ့် အဆိုတော် အောင်ရင်ရဲ့ ဖျော်ဖြေပွဲလက်မှတ်များကိုတော့ ငါးသောင်း၊ လေးသောင်း၊သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းကျပ်လို့ သတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိတေးသံသွင်းနဲ့ MM Tix Ticket Hotline နံပါတ် ၀၉-၄၅၁၀၁၀၇၈၉၊ ၀၉-၉၆၅၀၁၀၇၈၉တို့တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Photo : အောင်ရင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ