Local Celebrity: အားနည်းချက်ကို ပြောပြခဲ့တဲ့ သွန်းဝတီ

Miss Universe Myanmar 3rd Runner up ဆုရှင် ဖြစ်ပါတယ်။

play

 

Miss Universe Myanmar 2017 ပြိုင်ပွဲတွင် 3rd Runner Up ဆုရရှိခဲ့တဲ့ အလှမယ် သွန်းဝတီက ပြိုင်ပွဲတစ် လျှောက်လုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့သလို ယခုလိုဆု ရရှိခဲ့တဲ့အတွက်လည်း အရမ်းလည်း ပျော်ရွှင်မိ ပါတယ်လို့ သူမက ဆိုပါတယ်။

play

 

Miss Universe Myanmar 2017 ရဲ့ Winner တစ်ယောက် မဖြစ်ခဲ့တာကလည်း သူမမှာ အားနည်းချက်တွေ ရှိတာကြောင့်လို့ နားလည်ထားပြီး သူမရဲ့ အားနည်းချက်ကတော့ အရပ်ပုနေတာကြောင့် ဖြစ်တယ်လို့  သူမက ဆိုပါတယ်။

လတ်တလောမှာလည်း အနုပညာအလုပ်တွေ လုပ်နေပြီး တခြား အလှမယ် ပြိုင်ပွဲတွေကိုလည်း ထပ်ပြိုင်မယ်လို့ သိရပါတယ်။

Source : Yangon Media Group

Photo  : သွန်းဝတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ