Local Celebrity: ဆေးကုသမှု ခံယူနေရတဲ့ ဂျူးဂျူးကေ

play

 

သရုပ်ဆောင် ဂျူးဂျူးကေတစ်ယောက် အူရောင်ငန်းဖျား ရောဂါကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေးအခြေအနေမှာ သက်သာလာပြီ ဖြစ်သော်လည်း ဗဟိုစည်ဆေးရုံပေါ်မှာပဲ ရှိသေး တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

ပရိသတ်တွေ မိတ်ဆွေတွေကလည်း သူမနေအမြန် ကောင်းလာဖို့အတွက်ကိုလည်း အားပေးစကားများ ဆုတောင်း စကားများ ပြောထားကြတာကိုလည်း တွေ့ရပါတယ်။ ဂျူးဂျူးကေက ဇာတ်ကားတွေ ရိုက်ကူးနေသလို  ဖျော်ဖြေပွဲတွေမှာလည်း မိသားစု တယောအဖွဲ့နဲ့ ဖျော်ဖြေရေးတွေ လုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

play

 

ဂျူးဂျူးကေဟာ အနုပညာအလုပ်တွေ လုပ်ဖြစ်နေသလို တစ်ဖက်တစ်လမ်းက "ထာဝရအလင်းအိမ်"ဆိုတဲ့ ပရဟိတအဖွဲ့ကို ဖွဲ့စည်းထားကာ ပရဟိတလုပ်ငန်းတွင်လည်း ပါဝင်လှုပ်ရှားနေသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : ဂျူးဂျူးကေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ