Local Celebrity: အမျိုးသမီး အဆိုရှင်လေးဦးရဲ့ ဖျော်ဖြေပွဲ

The Queen Music Orchestra Concert ဂီတဖျော်ဖြေပွဲလို့ နာမည်ပေးထားပါတယ်။

play

 

နာမည်ကြီး အမျိုးသမီး အဆိုရှင်လေးဦး ဖြစ်တဲ့ မေခလာ၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော်သိန်းနဲ့ ချမ်းချမ်းတို့ ပါဝင်တဲ့ The Queen Music Orchestra Concert ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ(၄)ရက်နေ့ ညနေ(၆)နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြလုပ်သွားမှာဖြစ်ပါတယ်။

play

 

“ဒီဖျော်ဖြေပွဲလေးက Orchestra တီဝိုင်း ဂီတအမျိုးအစားတွေ သီဆိုရမှာဆိုတော့ ပိုပြီး အားရစရာကောင်းမှာပါ။ ဒါကြောင့် လူကြီး၊လူလတ်၊လူငယ်မရွေး လာကြည့်လိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲက ပျင်းရိတဲ့ ပွဲမဟုတ်ဖူး ဂီတတွေ စုံလင်တော့ ပိုပြီး မြိုင်ဆိုင်မှု့တွေပါမယ်။ ပရိသတ်တွေလည်း မြူးကြွမှုတွေ ခံစားရမယ့် ပွဲလေးပါလို့ ပြောချင်ပါတယ်”ဟု ချစ်ငယ်(မေခလာ)ကပြောပါတယ်။

play

 

ဂီတဖျော်ဖြေပွဲတွင် အမျိုးသမီး နာမည်ကြီးအဆိုတော်များက တစ်ဦးလျှင် Single သီချင်း ၆ပုဒ် နှင့် Group Song ၂ပုဒ် သီဆိုမှာ ဖြစ်ပြီး ဂီတဖျော်ဖြေပွဲ လက်မှတ်များကို ကျပ်တစ်သောင်း၊ ကျပ်နှစ်သောင်း၊ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ငါးသောင်း နှင့် VIP tickets များဆိုပြီး  ၆မျိုးခွဲခြားသတ်မှတ်ထားသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ