Local Celebrity: မော်ဒယ်ပိုင်းကို ဆက်ကြိုးစားသွားမယ့် မေမြတ်နိုး

ပြည်ပမော်ဒယ် အေဂျင်စီတစ်ခုကနေ ကမ်းလှမ်းခြင်းခံရတယ်လို့ သိရပါတယ်။

play

 

New York Fashion Week ပွဲကို တက်ရောက်ခဲ့တဲ့ မေမြတ်နိုးကတော့ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ အတွေ့အကြုံတွေနဲ့ အဆက်အသွယ်တွေ ရရှိခဲ့သလို US အေဂျင်စီတစ်ခုရဲ့ ကမ်းလှမ်းခြင်းကိုလည်း ခံရတယ်လို့ သိရပါတယ်။

play

 

ဒါပေမဲ့လည်း အသက်(၁၇)နှစ်ပဲ ရှိသေးတာကြောင့် အသက်(၁၈)နှစ်ပြည့်ရင်တော့ US အေဂျင်စီက အနုပညာ အလုပ်တွေ လုပ်ရန်အတွက် ပြန်ခေါ်ဖို့ အစီအစဉ်တွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလှမယ် ပြိုင်ပွဲ တွေကို အငယ်တွေအတွက် နေရာပေးချင်တာကြောင့် ဝင်မပြိုင်တော့တဲ့ သူမက မော်ဒယ်ပိုင်းကိုတော့ ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပကိုလည်း ထိုးဖောက်ချင်တဲ့အတွက် ပိုကြိုးစားသွား မယ်လို့ သူမက ပြောပါတယ်။

play

 

လက်ရှိတော့ ပြည်တွင်းမှာ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာ ဖြစ်ပြီး အောက်တိုဘာ(၁၃)ရက်နေ့မှာ ကျ ရောက်တဲ့ သူမရဲ့ မွေးနေ့ကုသိုလ်အဖြစ် စတုဒိသာများကျွေးမွေးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

Source : 7day Daily

Photo  : မေမြတ်နိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ