Local Celebrity: မွေးနေ့မှာ ဒုတိယစီးရီးခွေထွက်မယ့် ထက်ယံ

အောက်တိုဘာ(၁၈)ရက်နေ့မှာ ဖြန့်မှာ ဖြစ်ပါတယ်။

play

 

လူငယ်အဆိုရှင် ထက်ယံရဲ့ ဒုတိယစီးရီးခွေကို သူ့ရဲ့ မွေးနေ့ ဖြစ်တဲ့ အောက်တိုဘာ(၁၈)ရက်နေ့တွင် ထွက်ရှိမှာ ဖြစ်ပြီး အခွေနာမည်ကိုလည်း "October 18" လို့ ပေးထားပါတယ်။ ကိုယ်တိုင်ရေးသီချင်းများ ပါဝင်တဲ့ သူရဲ့ အခွေကို ဘိုဘိုမြူးဇစ်ကနေ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

play

 

သူ့ရဲ့ ဒုတိယစီးရီးထဲမှာ သီချင်း(၁၀)ပုဒ်ပါဝင်ပြီး (၉)ပုဒ်ကတော့ သူကိုယ်တိုင်ရေးသားထားတယ်လို့ သိရပါတယ်။ Featuring အနေဖြင့်  J me ၊ကြက်ဖ ၊ရွှေထူး၊Lil’ z ၊ MG သီဟ၊ဉာဏ်ထက်နဲ့ ပြုံးမြသွယ်တို့ပါဝင် သီဆိုပေး ထားကြပါတယ်။

play

 

“October 18” သီချင်းခွေ ပရိုမိုးရှင်းပွဲကို အောက်တိုဘာ ၁၈ ရက်၊ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ လှည်းတန်း စင်တာပရိုမိုးရှင်း ဧရိယာတွင် အနုပညာရှင်များက ပရိသတ်များကို  လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေမည် ဖြစ်ပါတယ်။

Photo : ထက်ယံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ