play

 

အဆိုတော် ပိုပိုက ဖားအောက်တောရရိပ်သာခွဲ (သန်လျင်မြို့)မှာ  (၃)ရက်တာ ပရိသတ်များနဲ့အတူ တရားစခန်း ဝင်ခဲ့တယ်လို့ သိရပါတယ်။ တရားစခန်းဝင်ခဲ့တဲ့အချိန်မှာ ရရှိခဲ့တဲ့ တရားသဘောများနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"၃ရက်တာ တရားစခန်းဝင်ပြီးနောက် ရေလည်ကျောက်တန်းဘုရား ဝင်ဖူးခဲ့တယ်။သံသရာ တွေရှည်မှာကြောက်ပေမဲ့ ဒီသံသရာထဲ တဝဲလည်လည် ငြိနေမိပြန်တယ်။ ဘာမှ မက်မောစရာ မရှိတဲ့ ဘဝကို အမှန်မသိနိုင်တဲ့ အဝိဇ္ဇာ ဖုံးလွှမ်းနေသူပါ။ တွေ့လေရာ မြင်လေရာ တဏှာ တချို့ ကို စွဲလမ်းနေသူ အဖို့ ဒုက္ခ အိမ်ထဲ တခါ ပြန်လာတာ ပါ။ ဖြေးဖြေး လေး သံယောဇဉ် တွေ ဖြတ်တော့ဖြတ်ခဲ့တယ်။ ထပ်ကြိုးစားရဦးမယ်" လို့ သူမက ရေးသားထားပါတယ်။

play

 

တရားစခန်းဝင်ပြီးနောက် ဒီနေ့(အောက်တိုဘာ ၁၂)ရက်နေ့ မနက်မှာ ရေလည် ကျောက်တန်းသို့ ဘုရားဖူး သွားခဲ့ပါတယ်။ ရေလည်ကျောက်တန်းသို့ ဘုရားဖူးသွားခြင်းဟာ သူမအတွက် ပထမဆုံးအကြိမ် သွားဖူးတာဖြစ်တယ်လို့ ဆိုပါတယ်။

Photo : ပိုပိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video