Local Celebrity: သားဖြစ်သူ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး ဖခင် အောင်ရင်ရဲ့ ရင်ဖွင့်စကားသံ

အခြေအနေ အကြောင်းကြောင်းကြောင့် မိသားစု ခွဲခွာနေရတယ်။

play

 

မိသားစုလေးယောက်ရှိပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မိသားစုလေးယောက်က နိုင်ငံ သုံးနိုင်ငံမှာ ခွဲနေနေရကာ ယခုလို သားဖြစ်သူ မိုးအောင်ရင်ရဲ့ ကိစ္စဖြစ်သွားတာနဲ့ ပတ်သက်ပြီး ဖခင် တစ်ယောက် အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်လို့ အောင်ရင်က ဆိုပါတယ်။

play

 

ဘာပဲဖြစ်ဖြစ် မိုးအောင်ရင် ကိစ္စဟာ ဥပဒေရဲ့ အဆုံးအဖြတ်အတိုင်း ခံယူရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် အခုချိန်လေးတွေမှာလည်း သားဖြစ်သူ အတွက် ရုံးထုတ်ချိန်မှာ သွားတွေ့တာ၊ ထောင်ဝင်စာ သွားတွေ့တာ နဲ့ သူ စားချင်တာ ကျွေးတာမျိုးကိုပဲ လုပ်ပေးနိုင်တယ်လို့ ဦးအောင်ရင်က ပြောပြထားပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ