အဆိုတော်အောင်ရင်ရဲ့ "Aung Yin 32 Live Show" တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ(၂၂)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီဖျော်ဖြေပွဲတွင် ဦးအောင်ရင်က သားဖြစ်သူ မိုးအောင်ရင်အတွက် အမှတ်တရအဖြစ် သီချင်းတစ်ပုဒ်ကို ထည့်သွင်းဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မယ့် အဲဒီဖျော်ဖြေပွဲအတွက် လက်မှတ်များကို ငါးသောင်း၊ လေးသောင်း၊သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းကျပ်လို့ သတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိ တေးသံသွင်းနဲ့ MM Tix Ticket Hotline နံပါတ် ၀၉-၄၅၁၀၁၀၇၈၉၊ ၀၉-၉၆၅၀၁၀၇၈၉တို့တွင် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။