Local Celebrity: ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပနေတဲ့ ပုံရိပ်များ

အနုပညာရှင်များစွာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

play
play

 

(၉၆)နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ (၅၃)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဒီနေ့ (အောက်တိုဘာ၁၃)ရက်နေ့ နံနက် (၉)နာရီမှ စတင်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့ပါတယ်။

play

 

အဲဒီပွဲတွင် သက်ကြီးအနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး နယ်ပယ်အသီးသီးမှ အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ပါတယ်။

play

 

ပူးပေါင်းကျင်းပခဲ့တဲ့ ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် အနုပညာရှင်များက စတုဒိသာဆိုင်ခန်းများ ဖွင့်လှစ်ကာ လာရောက်သူ အနုပညာရှင် ပရိသတ်များအား စတုဒိသာမုန့်များနဲ့ အလှူပြုခဲ့ကြပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ